Loading...

   Nano Precision,
   Macro Benefits!

 

 

Best Vision
Best Version

ထိုင်းနိုင်ငံ၏ ထိပ်တန်း LASIK ကုသမှုစင်တာ၊ ခေတ်မီနောက်ဆုံးပေါ် LASIK နည်းပညာများနှင့်အတူ ဝါရင့်ကုသမှုအတွေ့အကြုံ ၂၅ နှစ်အထက်ရှိပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာများကိုယ်တိုင် ကိုင်တွယ်ကုသပေးနေတာကြောင့် အကောင်းဆုံးအရည်အသွေးရှိတဲ့ အမြင်အာရုံရလဒ်ကို အာမခံပေးနိုင်မှာဖြစ်ပါတယ်။

NanoRelex VS NanoLASIK
What's the difference?

Click here to learn more before deciding on the best treatment.

The First Private LASIK Centre in THAILAND

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာတည်ရှိတဲ့ Laser Vision International LASIK Center ကို ၁၉၉၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ယနေ့ကမ္ဘာမှာအဖြစ်များသော အဝေးမှုန်ခြင်း၊ အနီးမှုန်ခြင်း၊ ဆလင်ဒါပါဝါအစရှိတဲ့ မျက်စိမှုန်ခြင်းပြဿနာများကိုဖြေရှင်းဖို့အတွက် နောက်ဆုံးပေါ်နည်းပညာကုသမှုခံယူနိုင်ပါတယ်။ LASIK ကုသမှုဆိုင်ရာမှာ ခေတ်အလိုက်အကောင်းဆုံးမျိုးဆက်သစ်နည်းပညာများကို ပိုင်ဆိုင်ထားပြီး LASIK Specialized ကုသမှုအတွေ့အကြုံ ၂၅ နှစ်အထက်ရှိသော ဝါရင့် Private Refractive Surgery Center လည်းဖြစ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြုအဆင့်အမြင့်ဆုံးနည်းပညာတွေကိုအသုံးပြုနေတာကြောင့် လူနာတစ်ဦးချင်းအလိုက်အကောင်းဆုံးကြည်လင်နိုင်မယ့်ရလဒ်ကိုရယူပေးနိုင်မှာဖြစ်ပါတယ်။

စတင်တည်ထောင်ခဲ့သောခုနှစ်

၁၉၉၈

ထိုင်းနိုင်ငံ၏ ပထမဆုံး Private LASIK Centre

ကုသမှုသက်တမ်း

၂၅ နှစ်အထက်

ဝါရင့် LASIK အတွေ့အကြုံ

စုစုပေါင်း

၉၀,၀၀၀ +

ကုသမှု Case များ

Why Us?

Laser Vision International LASIK Center

စတင်တည်ထောင်ချိန်ကနေ ယနေ့အထိ ထိုင်းနိုင်ငံရဲ့ အကောင်းဆုံးအဖြစ် သီးခြားရပ်တည်နေတဲ့ LASIK Centre ဖြစ်ပါတယ်။ အဆင့်အမြင့်ဆုံးနောက်ဆုံးပေါ်နည်းပညာ၊ သက်သောင့်သက်သာဖြစ်ပြီး နွေးထွေးမှုကို အပြည့်အဝခံစားရစေမယ့် အပြင်အဆင်၊ ဝန်ဆောင်မှုတွေကိုလည်း ရရှိမှာဖြစ်ပါတယ်။
Pro Medical Team
Pro Technology
Pro Experience
Pro Service

Pro Medical Team

Laser Vision ရဲ့ Ophthalmologists အားလုံးဟာ Cornea and Refractive Surgery နယ်ပယ်မှာ အထူးတတ်ကျွမ်းနားလည်တဲ့ Field Experts များဖြစ်ပါတယ်။ LASIK ကုသမှုအတွက်ပြည်တွင်း၊ ပြည်ပ လေ့လာမှုပေါင်းများစွာလုပ်ဆောင်ခဲ့တဲ့ ဝါရင့်အထူးကုဆရာဝန်ကြီးတွေလည်း ဖြစ်ပါတယ်။ 

ကုသမှုတစ်ခုချင်းစီတိုင်းအတွက် Refractive Surgery ရဲ့ နောက်ဆုံးပေါ်နည်းစနစ်၊ ကုသမှုအချက်အလက်မှန်သမျှကို Up-To-Date ကျွမ်းကျင်‌သူတွေကိုယ်တိုင် ဦး‌ဆောင်ကိုင်တွယ်နေတာဖြစ်ပါတယ်။ LASIK နဲ့ပတ်သက်တဲ့ ရှာဖွေတွေ့ရှိမှု Research မှတ်တမ်းများ၊ ခေတ်မီနောက်ဆုံးပေါ်ကုသမှုဆိုင်ရာ နည်းပညာများကို ကမ္ဘာတစ်ဝှမ်းကျင်းပလေ့ရှိတဲ့ Medical Conferences တွေကနေတစ်ဆင့် အခြားပညာရှင်တွေအတွက် မျှဝေသင်ကြားပြသပေးရင်း Laser Technology နဲ့ Refractive Surgery အပိုင်းမှာ အချိန်တိုင်းခေတ်ရှေ့ပြေးဦးဆောင်နေနိုင်ဖို့ Research & Analysis အပိုင်းကို အမြဲလုပ်ဆောင်နေကြတဲ့ ပညာရှင်အဖွဲ့အစည်းဖြစ်ပါတယ်။ 

LASIK လုပ်ဖို့အတွက် အကောင်းဆုံးကုသမှုနည်းလမ်းကို အသေအချာစိစစ်ရွေးချယ်ပြီး တစ်ဦးချင်းစီအတွက် အကောင်းဆုံးကြည်လင်စေမယ့်အမြင်အာရုံကို ပြန်လည်ရယူပေးနိုင်မယ့်ဝါရင့်ဆရာဝန်ကြီးများ ဖြစ်ပါတယ်။ 

ဆေးရုံတည်နေရာ
Laser Vision International LASIK Center

49/5 Laser Vision Building, Ratchadaphisek 48 Alley, Ratchadaphisek Road, Ladyao Subdistrict, Chatujak District, Bangkok 10900, Thailand