Loading...

   Nano Precision,
   Macro Benefits!

 

    รับสิทธิพิเศษสำหรับ NanoRelex

    เฉพาะเดือนเมษายนนี้ คลิกที่นี่

 

 

Best Vision
Best Version

ထိုင်းနိုင်ငံ၏ ထိပ်တန်း LASIK ကုသမှုစင်တာ၊ ခေတ်မီနောက်ဆုံးပေါ် LASIK နည်းပညာများနှင့်အတူ ဝါရင့်ကုသမှုအတွေ့အကြုံ ၂၅ နှစ်အထက်ရှိပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာများကိုယ်တိုင် ကိုင်တွယ်ကုသပေးနေတာကြောင့် အကောင်းဆုံးအရည်အသွေးရှိတဲ့ အမြင်အာရုံရလဒ်ကို အာမခံပေးနိုင်မှာဖြစ်ပါတယ်။

NanoRelex VS NanoLASIK
What's the difference?

Click here to learn more before deciding on the best treatment.

The First Private Refractive Surgery Centre in THAILAND

1998 ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ Laser Vision ဟာ အခုဆိုရင် ထိုင်းနိုင်ငံရဲ့ ပထမဆုံး Smart Eye Hospital အဖြစ်အသစ်ဖွင့်လှစ်နိုင်ခဲ့ပြီး မျက်စိလေဆာကုသမှုအတွက် ယနေ့ခေတ်ရဲ့ အကောင်းဆုံးသောနည်းပညာများကို အသုံးပြုကုသပေးနေပါတယ်။ ခေတ်အလိုက်အကောင်းဆုံး‌နည်းပညာများနှင့်အတူ ကမ္ဘာ့အဆင့်မှီကုသမှုနည်းလမ်းများကိုကျွမ်းကျင်စွာအသုံးပြုရင်း LASIK Specialized ကုသမှုအတွေ့အကြုံ ၂၅ နှစ်အထက်ရှိလာပြီးဖြစ်တာကြောင့် မိမိရဲ့မျက်လုံးကျန်းမာရေးအနေအထားအလိုက် မျက်မှန်တပ်စရာမလိုတော့ဘဲ အကောင်းဆုံးပြန်လည်ရရှိနိုင်မယ့် Best Possible Level of Vision ရလဒ်အတွက် အပြည့်အဝယုံကြည်စိတ်ချနိုင်မှာဖြစ်ပါတယ်။

စတင်တည်ထောင်ခဲ့သောခုနှစ်

၁၉၉၈

ထိုင်းနိုင်ငံ၏ ပထမဆုံး Private LASIK Centre

ကုသမှုသက်တမ်း

၂၅ နှစ်အထက်

ဝါရင့် LASIK အတွေ့အကြုံ

စုစုပေါင်း

၉၀,၀၀၀ +

ကုသမှု Case များ

အဘယ်ကြောင့်ကျွန်ုပ်တို့ကိုရွေးချယ်သင့်လဲ?

Laser Vision International LASIK Center

စတင်တည်ထောင်ခဲ့စဥ်ကနေ ယနေ့အချိန်အထိ ထိုင်းနိုင်ငံမှာမျက်စိလေဆာကုသခြင်းနှင့်ပတ်သက်ရင် လူနာများအတွက် အကောင်းဆုံးသောရလဒ်များကို‌ဆောင်ကြဥ်းပေးနေသော LASIK အထူးကုသမှုစင်တာဖြစ်ပါတယ်။ နောက်ဆုံးပေါ်ခေတ်မှီ AI နည်းပညာများအပါအဝင် ကုသမှုပိုင်းဆိုင်ရာမှာ အထိရောက်ဆုံးဖြစ်စေမယ့် မျိုးဆက်သစ်နည်းပညာများကိုအသုံးပြုနေပြီး နွေးထွေးစိတ်ချရမှုကိုပေးစွမ်းနိုင်ရန်အတွက် Modernized Environment နှင့် Personalized Care Service များကြောင့် အကောင်းဆုံးသောကုသမှုအတွေ့အကြုံကို ပေးစွမ်းနိုင်မယ့်နေရာဖြစ်ပါတယ်။
Pro Medical Team
Pro Technology
Pro Experience
Pro Service

Pro Medical Team

Laser Vision ရဲ့ Ophthalmologists အားလုံးဟာ Cornea and Refractive Surgery နယ်ပယ်မှာ အထူးတတ်ကျွမ်းနားလည်တဲ့ Field Experts များဖြစ်ပါတယ်။ LASIK ကုသမှုအတွက်ပြည်တွင်း၊ ပြည်ပ လေ့လာမှုပေါင်းများစွာလုပ်ဆောင်ခဲ့တဲ့ ဝါရင့်အထူးကုဆရာဝန်ကြီးတွေလည်း ဖြစ်ပါတယ်။ 

ကုသမှုတစ်ခုချင်းစီတိုင်းအတွက် Refractive Surgery ရဲ့ နောက်ဆုံးပေါ်နည်းစနစ်၊ ကုသမှုအချက်အလက်မှန်သမျှကို Up-To-Date ကျွမ်းကျင်‌သူတွေကိုယ်တိုင် ဦး‌ဆောင်ကိုင်တွယ်နေတာဖြစ်ပါတယ်။ LASIK နဲ့ပတ်သက်တဲ့ ရှာဖွေတွေ့ရှိမှု Research မှတ်တမ်းများ၊ ခေတ်မီနောက်ဆုံးပေါ်ကုသမှုဆိုင်ရာ နည်းပညာများကို ကမ္ဘာတစ်ဝှမ်းကျင်းပလေ့ရှိတဲ့ Medical Conferences တွေကနေတစ်ဆင့် အခြားပညာရှင်တွေအတွက် မျှဝေသင်ကြားပြသပေးရင်း Laser Technology နဲ့ Refractive Surgery အပိုင်းမှာ အချိန်တိုင်းခေတ်ရှေ့ပြေးဦးဆောင်နေနိုင်ဖို့ Research & Analysis အပိုင်းကို အမြဲလုပ်ဆောင်နေကြတဲ့ ပညာရှင်အဖွဲ့အစည်းဖြစ်ပါတယ်။ 

LASIK လုပ်ဖို့အတွက် အကောင်းဆုံးကုသမှုနည်းလမ်းကို အသေအချာစိစစ်ရွေးချယ်ပြီး တစ်ဦးချင်းစီအတွက် အကောင်းဆုံးကြည်လင်စေမယ့်အမြင်အာရုံကို ပြန်လည်ရယူပေးနိုင်မယ့်ဝါရင့်ဆရာဝန်ကြီးများ ဖြစ်ပါတယ်။ 

ဆေးရုံတည်နေရာ
Laser Vision International LASIK Center

49/5 Laser Vision Building, Ratchadaphisek 48 Alley, Ratchadaphisek Road, Ladyao Subdistrict, Chatujak District, Bangkok 10900, Thailand