Loading...
Back

Laser Vision

နေ့လည်ခင်းမှာ ငိုက်မျဥ်းပြီးထိုင်းမှိုင်းနေခြင်း

နေ့လည်ခင်းမှာ ငိုက်မျဥ်းပြီးထိုင်းမှိုင်းနေတာဟာ အထူးသဖြင့်လူငယ်အများစုမှာ အဖြစ်များသောပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါကိုဖြေရှင်းခြင်းမှာ စိန်ခေါ်မှုတစ်ရပ်လိုဖြစ်နေပြီး လုပ်ငန်းဆောင်တာ စွမ်းဆောင်ရည်နှင့် စိတ်ခံစားချက်အပေါ်မှာ ထိခိုက်စေနိုင်ပါတယ်။ အချို့ကိစ္စတွေမှာ ကစီဓာတ်နှင့် သကြားဓာတ်များသော အစားအသောက်များကြောင့် ဖြစ်‌လေ့ရှိတဲ့ Hypoglycemia အခြေအနေနှင့် ဆက်စပ်နေတတ်ပါတယ်။ 

 

ဒီလိုအခြေအနေတွေကို သက်သာလျော့နည်းစေဖို့ ဒီအစားအစာ ၄ မျိုးက အထောက်အကူဖြစ်စေပါတယ်။ 

 

၁။  ဗီတာမင်စီ ကြွယ်ဝသော အသီးအရွက်များ - မာလကာသီး၊ လိမ္မော်သီး၊ နှင့် ပန်းဂေါ်ဖီစိမ်း ကဲ့သို့သော သစ်သီးများမှာ ဗီတာမင် C ကြွယ်ဝပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကြောင့် ဖြစ်ပေါ်လာသော ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်ပေးပါတယ်။ 

 

၂။ ခရိုမီယမ် ပါဝင်သော သစ်သီးများ - ပန်းသီး၊ ငှက်ပျောသီး နှင့် ကန်စွန်းဥများမှာ ခရိုမီယမ်ကြွယ်ဝတာကြောင့် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးပြီး တစ်နေ့တာလိုအပ်တဲ့စွမ်းအင်ကို မြှင့်တင်ပေးပါတယ်။

 

၃။ အာဟာရသိပ်သည်းသော အစေ့မျအဆံများ - ဗာဒံစေ့နှင့် သစ်ကြားသီးများ အပါအဝင် အခွံမာသီးများ၊ ဆန်လုံးညိုကဲ့သို့ အစေ့အဆန်များနှင့် ပဲအမျိုးမျိုးကဲ့သို့သော ပဲစေ့များမှာ မဂ္ဂနီဆီယမ်နှင့် ပိုတက်စီယမ်ကဲ့သို့ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဤအရာများသည် အာရုံကြောစနစ်ကို အာဟာရဖြစ်စေပြီး စိတ်ကြည်လင်မှုနှင့် နိုးကြားမှုကို မြှင့်တင်ပေးပါတယ်။ 

 

၄။ ငါးမှရရှိသော အဆီများ - ငါးမှာပါဝင်တဲ့ Omega-3 Fatty Acid ကို အစားအစာတွင် ပေါင်းစပ်ထည့်သွင်းခြင်းက ပရိုတင်းနှင့် အကျိုးပြုအဆီများရရှိစေသော အကောင်းဆုံးအာဟာရအရင်းအမြစ်ဖြစ်သည်။ ဤအဆီများသည် ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုကိုသာမက အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ 

ဆေးရုံတည်နေရာ
Laser Vision International LASIK Center

49/5 Laser Vision Building, Ratchadaphisek 48 Alley, Ratchadaphisek Road, Ladyao Subdistrict, Chatujak District, Bangkok 10900, Thailand