Loading...

   Nano Precision,
   Macro Benefits!

 

 

Best Vision
Best Version

ထိုင်းနိုင်ငံ၏ ထိပ်တန်း LASIK ကုသမှုစင်တာ၊ ခေတ်မီနောက်ဆုံးပေါ် LASIK နည်းပညာများနှင့်အတူ ဝါရင့်ကုသမှုအတွေ့အကြုံ ၂၅ နှစ်အထက်ရှိပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာများကိုယ်တိုင် ကိုင်တွယ်ကုသပေးနေတာကြောင့် အကောင်းဆုံးအရည်အသွေးရှိတဲ့ အမြင်အာရုံရလဒ်ကို အာမခံပေးနိုင်မှာဖြစ်ပါတယ်။

NanoRelex VS NanoLASIK
What's the difference?

Click here to learn more before deciding on the best treatment.

အမြင်အာရုံ ကုသမှုအမျိုးအစားများ

LASIK ကုသမှုအတွေ့အကြုံ 25 နှစ်၊ နိုင်ငံတကာကျွမ်းကျင်ပညာရှင်အဖွဲ့အစည်းများက တစ်ညီတစ်ညွှတ်တည်း အသိအမှတ်ပြုလက်ခံထားတဲ့ International Standard ISO 9001 ‌တို့နှင့်အတူ Refractive Surgery နယ်ပယ်မှာ အထူးချွန်ဆုံးဝါရင့်ဆရာဝန်ကြီးတွေရဲ့ ကျွမ်းကျင်မှုကြောင့် လူနာတွေအတွက် အကောင်းဆုံးအမြင်အာရုံရလဒ်ကို ရရှိစေမှာဖြစ်ပါတယ်။
Cataract
Cataract Phacoemulsification

အသက် ၅၅ နှစ်‌နောက်ပိုင်း အဖြစ်များသော အတွင်းတိမ်ရောဂါသည် သဘာဝအလျောက်ပြောင်းလဲမှုတစ်ခုဖြစ်ပြီး Crystalline Lens အပေါ် တိမ်ကဲ့သို့ကာနေခြင်းဖြစ်ပါတယ်။ အ‌ငွေ့ရိုက်နေတဲ့မျက်မှန်ကို တပ်ထားသကဲ့သို့ အမြင်အာရုံကို အနှောင့်အယှက်ပေးတတ်ပါတယ်။ 

ဒီလိုအခြေအနေမှာ Cataract Removal Surgery ပြုလုပ်နိုင်ပါတယ်။ အလွန်သေးငယ်သော Ultrasonic Probe ဖြင့် အတွင်းတိမ်ဖယ်ရှားမှာဖြစ်ပါတယ်။ 3 mm Small Incision ပေးပြီးလုပ်ရတဲ့ Advanced and Painless Method ဖြစ်ပါတယ်။ အနာကျက်မှုမြန်ဆန်ပြီး ပုံမှန် Activity တွေကို အမြန်ဆုံးပြန်လည်လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ အသစ်ထည့်ထားမယ့် Lens ကိုလည်း လူနာအနေနဲ့ မြင်တွေ့ခံစားရမည်မဟုတ်ပါ။ ဤ Lens အသစ်မှ သဘာဝအကျဆုံးအမြင်အာရုံကို ပေးစွမ်းနိုင်ပြီး လူနာအတွက် ကောင်းကျိုးများစွာရရှိစေပါတယ်။ 

ကုသမှုပြုလုပ်သင့်တဲ့အချိန်နဲ့ အသုံးပြုသင့်တဲ့ Intra Ocular Lens အမျိုးအစားကို သိရှိနိုင်ဖို့အတွက် အရင်ဆုံးမျက်စိကျန်းမာရေးအသေးစိတ်စစ်ဆေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

Phacoemulsification

Phacoemulsification သည် အဆင့်မြင့်အတွင်းတိမ်ကုသမှုဖြစ်ပြီး မျက်လုံးအတွင်းဖြစ်ပေါ်နေသော Cloudy Lens (သို့) အတွင်းတိမ်ကို Ultrasonic ကိရိယာဖြင့် ဖယ်ရှားမှာဖြစ်ပါတယ်။ Intra Ocular Lens (IOL) ထည့်သွင်းခြင်းကို တစ်ဆက်တည်းလုပ်ဆောင်မှာဖြစ်ပြီး Lens ရဲ့ Capsule ကို ချန်ခဲ့မှာဖြစ်ပါတယ်။ အလွန်သေးငယ်သော Wound သာဖြစ်နိုင်မည့်အပြင် မျက်ကြည်လွှာသည်လည်း အလိုအလျောက်အနာကျက်မှာဖြစ်လို့ ချုပ်ဖို့လည်းမလိုအပ်ပါ။ ရလဒ်အနေနဲ့ ကြည်လင်ပြီးကောင်းမွန်တဲ့အမြင်အာရုံကို ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။ 

Phacoemulsification
Phacoemulsification ဘာကြောင့်ပြုလုပ်သလဲ?

Phacoemulsification ကုထုံးသည် လျင်မြန်သောခွဲစိတ်မှု အသေးစားကိုသာလိုအပ်ပြီး ချုပ်ရိုးမလိုအပ်ပါ။ လူနာအားမေ့ဆေးပေးရန် မလိုအပ်သော ဘေးအကင်းဆုံးကုသမှုများထဲမှ တစ်ခုဖြစ်ပါတယ်။

Phacoemulsification ဘာကြောင့်ပြုလုပ်သလဲ?
Phacoemulsification ကုထုံး၏ အကျိုးကျေးဇူးများ
  1. Small Incision ပြုလုပ်ခြင်းဖြင့် မြန်ဆန်သောကုသမှုဖြစ်ခြင်း
  2. Recovery မြန်ဆန်ခြင်းကြောင့် လူနာများဆေးရုံတက်ရန်မလိုခြင်း
  3. လူနာများအနေဖြင့် ပုံမှန်လှုပ်ရှားသွားလာမှု ပြုလုပ်နိုင်ခြင်း
  4. ခွဲစိတ်ပြီး နောက်တစ်နေ့မှာတင် အမြင်အာရုံကို ပုံမှန်အတိုင်းပြန်လည်ရရှိခြင်း
Phacoemulsification ကုထုံး၏ အကျိုးကျေးဇူးများ
Intraocular Lens (IOL) အကြောင်း

Intraocular Lens (IOL) သည် Artificial Lens အမျိုးအစားဖြစ်ပြီး Haptics ဟုခေါ်သော ဘေးဘက်မှာအထူးပြုလုပ်ထားသည့် ပလပ်စတစ်ကြိုးများ ပါဝင်ပါတယ်။ အတွင်းတိမ်ခွဲစိတ်ကုသမှုအတွင်း တိမ်ရှိသော Crystalline Lens ကို ဖယ်ရှားပြီး အထက်ဖော်ပြပါ Artificial Lens ကို အစားထိုးပေးခြင်းဖြစ်ပါတယ်။ 

Intraocular Lens (IOL) အကြောင်း
Intra Ocular Lens အမျိုးအစားများ
  1. Standard IOL သည် Single Focus သာပါရှိသော ပုံမှန် Lens အမျိုးအစားဖြစ်ပါတယ်။ အဆိုပါ Lens သည် အဝေးကြည့်ရန် အထောက်အကူပေးပြီး အနီးကြည့်ရန် စာကြည့်မျက်မှန်အသုံးပြုဖို့ လိုမှာဖြစ်ပါတယ်။
  2. Multifocal IOL သည် Multi-Cicle ပါဝင်သော Lens အမျိုးအစားဖြစ်တာကြောင့် အဝေး၊ အနီး အမြင်အာရုံ ၂ ခုလုံးအတွက် အထောက်အကူဖြစ်စေပါတယ်။ လူနာအနေဖြင့် အမြင်အာရုံကို အသားကျစေရန် အချိန်အတိုင်းအတာတစ်ခု လိုနိုင်ပါတယ်။
  3. Toric IOL သည် ဆလင်ဒါပါဝါကိုပါ ပြုပြင်ပေးနိုင်သောကြောင့် ဆလင်ဒါလူနာများအနေဖြင့် ကုသမှုအပြီးမှာ မျက်မှန်လွတ်သွားမှာဖြစ်ပါတယ်။
Intra Ocular Lens အမျိုးအစားများ
Femtosecond Laser Assisted Cataract Treatment (FLACs)

အတွင်းတိမ်ကုသခြင်းအတွက် ‌နောက်ဆုံးပေါ်နည်းပညာမှာ Femtosecond Laser အသုံးပြုကုသခြင်းဖြစ်ပါတယ်။ Small Incision ပြုလုပ်ပြီး Natural Lens ကို ဖြိုခွဲရာတွင် အချိန်ကုန်သက်သာပြီး ရလဒ်ပိုမိုကောင်းမွန်စေရန် လေဆာကိုအသုံးပြုခြင်း ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်တွေကနေ Lens ကိုကာပေးထား‌တဲ့ Lens Epithelium Capsule အပေါ်မှာ Circular Incision ကို တိကျမှုမြင့်မားစွာ ပြုလုပ်နိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါဟာ ခွဲစိတ်ဆရာဝန်အတွက် Aritificial Lens ကို အတိကျဆုံးထောင့်တွင် ထားရှိပေးရန် ပိုမိုလွယ်ကူစေပါတယ်။ 

 

Femtosecond Laser အသုံးပြုခြင်းသည် တိကျမှုကို သိသိသာသာတိုးတက်စေပြီး Post-Operative Complication များကို လျှော့ချပေးနိုင်ပါတယ်။ သို့ပေမယ့် ကုသမှုခံယူနိုင်မှုကို ဆုံးဖြတ်ရန်ကန့်သတ်ချက်များ ရှိပါတယ်။ မျက်ကြည်လွှာအမာရွတ်ရှိသူများ၊ Opaque Black Cornea ရှိသူများ၊ မျက်စိသူငယ်အိမ်ချဲ့‌ရာတွင် အသုံးပြုသောမျက်စဥ်းဒဏ်မခံနိုင်သူများအနေဖြင့် ဤကုထုံးကို မပြုလုပ်သင့်ပါ။ 

Femtosecond Laser Assisted Cataract Treatment (FLACs)
Useful Knowledge

ဆေးရုံတည်နေရာ
Laser Vision International LASIK Center

49/5 Laser Vision Building, Ratchadaphisek 48 Alley, Ratchadaphisek Road, Ladyao Subdistrict, Chatujak District, Bangkok 10900, Thailand