အမြင်အာရုံ ကုသမှုအမျိုးအစားများ
မျက်စိလေဆာကုသမှုအတွေ့အကြုံ (၂၅) နှစ်အထက်ရှိပြီး မျက်ကြည်လွှာဆိုင်ရာကုသမှုနယ်ပယ်မှ ဝါရင့်မျက်စိဆရာဝန်ကြီးများ - Corneal & Refractive Surgery Specialists ရဲ့ ဘေးကင်းထိရောက်တဲ့ကုသမှုနည်းစနစ်များကြောင့် အကောင်းဆုံးရနိုင်မယ့် အမြင်အာရုံရလဒ်အနေအထားတစ်ခုကို ရရှိမှာဖြစ်ပါတယ်။PRK ကုထုံးသည် ဆေးရုံတက်စရာမလိုတဲ့ Surgery အမျိုးအစားဖြစ်ပါတယ်။ အဝေးမှုန်၊ အနီးမှုန်၊ ဆလင်ဒါပါဝါကုသမှုအတွက် ထိရောက်မှုရှိတာကြောင့် အသုံးများခဲ့တဲ့နည်းလမ်း ဖြစ်ပါတယ်။ ဤကုထုံးသည် LASIK နှင့် အလွန်ဆင်တူသော်လည်း microkeratome ဖြင့် keratectomy ပြုလုပ်ရန် မလိုအပ်ပါ။ လေဆာမပစ်မီ မျက်ကြည်လွှာအပေါ်ဆုံးအလွှာကို လက်ကိုင်ကိရိယာတစ်မျိုးဖြင့် ညင်သာစွာဖယ်ရှားမှာဖြစ်ပါတယ်။ ကုသမှုအစအဆုံး ၁၅ မိနစ်ဝန်းကျင်သာ လိုအပ်ပြီး လေဆာပစ်ချိန်သည် ၄၅ စက္ကန့်ထက် ပိုကြာမည်မဟုတ်ပါ။ မျက်ကြည်လွှာပါးသူများအတွက် ရွေးချယ်စရာကုထုံးတစ်ခုလည်း ဖြစ်ပါတယ်။
LASIK ထက် Recovery ပိုကြာပြီး ပိုးဝင်နိုင်ချေနဲ့ ကုသမှုအပြီး အလင်းဖြာထွက်ခြင်း ဖြစ်နိုင်ချေပိုမြင့်နိုင်ပါတယ်။
Steroid မျက်စဥ်းအား အချိန်အတိုင်းအတာတစ်ခုအထိ အသုံးပြုနေဖို့လိုအပ်နိုင်ပြီး အနီးကပ်ကြည့်ရှုစစ်ဆေးမှုလုပ်ရန် လိုအပ်ပါတယ်။
* The reason is that wearing contacts lenses, for a long time, could change the curvature of the cornea, therefore the refraction have changed as well. Not wearing contact lens, for a while, will cause the shape and the curvature of eye to revert back to its natural shape, enabling us to get more precise data of the cornea.
sddMY
10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230