အမြင်အာရုံ ကုသမှုအမျိုးအစားများ
မျက်စိလေဆာကုသမှုအတွေ့အကြုံ (၂၅) နှစ်အထက်ရှိပြီး မျက်ကြည်လွှာဆိုင်ရာကုသမှုနယ်ပယ်မှ ဝါရင့်မျက်စိဆရာဝန်ကြီးများ - Corneal & Refractive Surgery Specialists ရဲ့ ဘေးကင်းထိရောက်တဲ့ကုသမှုနည်းစနစ်များကြောင့် အကောင်းဆုံးရနိုင်မယ့် အမြင်အာရုံရလဒ်အနေအထားတစ်ခုကို ရရှိမှာဖြစ်ပါတယ်။Nanojoules Laser ဖြင့် အနီး၊ အဝေး ချိန်ညှိကုသခြင်းအမျိုးအစားဖြစ်ပါတယ်။ မျက်လုံးတစ်ဖက် (ပိုမိုအားကောင်းသောအခြမ်း) ကို အဝေးမြင်နိုင်ရန်အတွက် အပြည့်ကုသပြီး အခြားတစ်ဖက်ကို အနီးမြင်နိုင်ရန်ကုသမှာဖြစ်ပါတယ်။ မျက်လုံးတစ်ဖက်မှာ အဝေးပါဝါကို အနည်းငယ်ချန်ပေးပြီး အနီးကြည့်အတွက်မျက်မှန်မလိုဘဲ ကောင်းစွာမြင်စေမှာဖြစ်ပါတယ်။ ဤနည်းအားဖြင့် စာဖတ်ခြင်းကဲ့သို့ အနီးကြည့်ရတဲ့အလုပ်များအတွက် စာကြည့်မျက်မှန်အပေါ် မှီခိုစရာမလိုအောင် ကုသနိုင်ပါတယ်။ NV LASIK မှာ အဝေးကြည့်အတွက် ကြည်လင်ပြတ်သားမှုအနည်းငယ်ကို စွန့်လွှတ်ရမှာဖြစ်ပါတယ်။ ကားမောင်းတဲ့အခါ မျက်မှန်အပါးတစ်လက် ဆောင်ထားခြင်းက အထောက်အထူပြုဖြစ်မှာပါ။ စာဖတ်ရမှာ အခက်ပြန်ကြုံလာရတဲ့အခါမှာတော့ မျက်မှန်အသစ်တစ်စုံ ဆောထားဖို့လိုကောင်းလိုနိုင်ပါတယ်။ Nano NV LASIK ဟာ OCT Scan အသုံးပြုတာကြောင့် Precision ပိုမြင့်ပါတယ်။ ဒါ့အပြင် Nanojoules powered femtosecond laser ကို အသုံးပြုတာကြောင့် မျက်ကြည်လွှာတစ်ရှုးကို Preserve ပြုလုပ်နိုင်မယ့်အပြင် ကုသမှုအပိုင်းမှာ ပိုသေသပ်ပြီး Inflammation လည်း ပိုနည်းမှာဖြစ်ပါတယ်။
10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230