Loading...
"Best Vision
      Best Version"

ထိုင်းနိုင်ငံ၏ ထိပ်တန်း LASIK ကုသမှုစင်တာ၊ ခေတ်မီနောက်ဆုံးပေါ် LASIK နည်းပညာများနှင့်အတူ ဝါရင့်ကုသမှုအတွေ့အကြုံ ၂၅ နှစ်အထက်ရှိပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာများကိုယ်တိုင် ကိုင်တွယ်ကုသပေးနေတာကြောင့် အကောင်းဆုံးအရည်အသွေးရှိတဲ့ အမြင်အာရုံရလဒ်ကို အာမခံပေးနိုင်မှာဖြစ်ပါတယ်။

EXCLUSIVE OFFERS

ON TREATMENT PACKAGES EVERY MONTH

Explore our discount and benefits program for you by clicking here.

Embrace a Crystal-Clear Future LASIK for Brighter Horizons

Explore our discount and benefits program for patients by clicking here.

အမြင်အာရုံ ကုသမှုအမျိုးအစားများ

LASIK ကုသမှုအတွေ့အကြုံ 25 နှစ်၊ နိုင်ငံတကာကျွမ်းကျင်ပညာရှင်အဖွဲ့အစည်းများက တစ်ညီတစ်ညွှတ်တည်း အသိအမှတ်ပြုလက်ခံထားတဲ့ International Standard ISO 9001 ‌တို့နှင့်အတူ Refractive Surgery နယ်ပယ်မှာ အထူးချွန်ဆုံးဝါရင့်ဆရာဝန်ကြီးတွေရဲ့ ကျွမ်းကျင်မှုကြောင့် လူနာတွေအတွက် အကောင်းဆုံးအမြင်အာရုံရလဒ်ကို ရရှိစေမှာဖြစ်ပါတယ်။
Phakic IOL (ICL)
Phakic IOL (ICL)Phakic IOL ကုသမှု

ဤကုသနည်းတွင် အထူးပြုလုပ်ဖန်တီးထားပြီးမျက်လုံးအတွင်းထည့်သွင်းနိုင်သောမျက်ကပ်မှန်ကဲ့သို့ Implantable Contact Lens (ICL) ကို မျက်ကြည်လွှာ၏အနောက်ပိုင်းတွင်ထည့်သွင်းပြီး မျက်စိမှုန်ခြင်းပြဿနာကိုကုသပါတယ်။ မျက်လုံးအတွင်းမှာ သဘာဝအတိုင်းပါရှိသော Natural Intraocular Lens ကိုဖယ်ရှားရန်မလိုအပ်ပါ။ 

ICL အတွက် Lenses များကို Collamer ကနေပြုလုပ်ထားပြီး အောက်ပါထူးခြားချက်များပါဝင်နေပါတယ်။ 

"ခန္ဓာကိုယ်တွင် ကောင်းစွာလိုက်လျောညီထွေရှိစေတာကြောင့် ဓာတ်မတည့်ခြင်းမဖြစ်စေနိုင်ပါ။ ဒါကြောင့် မျက်လုံးအတွင်းမှာရေရှည်တည်မြဲစွာရှိနေရန် အထူးသင့်လျော်ပါတယ်။ 

ICL ကုထုံး၏ အားသာချက်များ
  1. အလင်းယိုင်ခြင်းပြဿနာများအတွက် ကန့်သတ်ချက်မရှိ ကုသပေးနိုင်ခြင်း
  2. မျက်ကြည်လွှာအထူအပေါ် သက်ရောက်မှုမရှိခြင်း
  3. Recovery အချိန်တိုတောင်းပြီး ကြည်လင်သောအမြင်အာရုံ ရရှိစေနိုင်ခြင်း
  4. လူနာရဲ့ ဆန္ဒအလိုက် ပြန်လည်ဖယ်ရှားပေးနိုင်ခြင်း
ICL ကုထုံး၏ အားသာချက်များ
Useful Knowledge

A Good Candidate for LASIKShow More
အမြင်အာရုံကြည်လင်မှုကို မျက်မှန်၊ မျက်ကပ်မှန် တပ်စရာမလိုဘဲ ရရှိလိုသူများ
အမြင်အာရုံကြည်လင်မှုကို မျက်မှန်၊ မျက်ကပ်မှန် တပ်စရာမလိုဘဲ ရရှိလိုသူများ
LASIK လုပ်မည့်သူများသည် အသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ရပါမည်။ ငယ်ရွယ်စဥ်မှာ မျက်လုံးများက ဖွံဖြိုးတိုးတက်နေဆဲဖြစ်ပြီး အဆက်မပြတ်ပြောင်းလဲနေသောကြောင့် ပါဝါငြိမ်သည်အထိ စောင့်ဖို့လိုပါတယ်။ ဒါမှသာ ရေရှည်တည်မြဲတဲ့ အမြင်အာရုံရလဒ်တစ်ခုကို အာမခံပေးနိုင်မှာဖြစ်ပါတယ်။

မျက်ကြည်လွှာနှင့်ပတ်သက်သော ရောဂါကင်းရှင်းသူဖြစ်ရပါမည်။ အထူးသဖြင့် Keratoconus (သို့) မျက်ကြည်လွှာအလွန်ပါးနေခြင်း (သို့) အနာကျက်ခြင်းကို နှောင့်နှေးစေမည့် ရောဂါအမျိုးအစားများမရှိသူ ဖြစ်ရပါမယ်။
မျက်ကြည်လွှာနှင့်ပတ်သက်သော ရောဂါကင်းရှင်းသူဖြစ်ရပါမည်။ အထူးသဖြင့် Keratoconus (သို့) မျက်ကြည်လွှာအလွန်ပါးနေခြင်း (သို့) အနာကျက်ခြင်းကို နှောင့်နှေးစေမည့် ရောဂါအမျိုးအစားများမရှိသူ ဖြစ်ရပါမယ်။
ခန္ဓာကိုယ်တွင်းဟော်မုန်းများမတည်ငြိမ်ခြင်းကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို LASIK ကုသမှုခံယူခွင့်မပြုပါ။
ခန္ဓာကိုယ်တွင်းဟော်မုန်းများမတည်ငြိမ်ခြင်းကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို LASIK ကုသမှုခံယူခွင့်မပြုပါ။
အသက် ၄၀ ကျော်လူနာများအနေဖြင့် အဝေးမှုန်ပါဝါအတွက်ကိုအပြည့်အဝကုသမည်ဆိုပါက စာဖတ်ခြင်းအတွက်မျက်မှန်တပ်ရန်လိုအပ်မှာဖြစ်ပါတယ်။
အသက် ၄၀ ကျော်လူနာများအနေဖြင့် အဝေးမှုန်ပါဝါအတွက်ကိုအပြည့်အဝကုသမည်ဆိုပါက စာဖတ်ခြင်းအတွက်မျက်မှန်တပ်ရန်လိုအပ်မှာဖြစ်ပါတယ်။
LASIK ကုသမှု၏အကျိုးကျေးဇူးများနှင့်ဘေးထွက်ဆိုးကျိုးကိုအပြည့်အဝနားလည်ပြီး ရလဒ်အတွက်လက်တွေ့ကျသောမျှော်လင့်ချက်ထားရှိသူများ
LASIK ကုသမှု၏အကျိုးကျေးဇူးများနှင့်ဘေးထွက်ဆိုးကျိုးကိုအပြည့်အဝနားလည်ပြီး ရလဒ်အတွက်လက်တွေ့ကျသောမျှော်လင့်ချက်ထားရှိသူများ

How to prepare for the complete eye examinationShow More
How to prepare for the complete eye examination
1
မျက်ကပ်မှန်အသုံးပြုသူများအနေဖြင့် မျက်စိစစ်ဆေးပြီးကုသမှုအတွက်တိုင်ပင်ဆွေးနွေးသည့်နေ့မတိုင်မီ ကြိုရပ်ထားဖို့အရေးကြီးပါတယ်။ Soft Lenses တပ်သူများ (၃) ရက်၊ Hard Lenses တပ်သူများ (၇) ရက်အပြည့်ကြိုရပ်ပြီး မျက်မှန်တပ်ထားဖို့လိုပါမယ်။
2
မျက်စိစစ်ဆေးရာမှာ မျက်စဥ်းခတ်ပြီးမျက်စိသူငယ်အိမ်ကိုကျယ်စေမယ့်အဆင့်ကြောင့် အမြင်အာရုံမှုန်ဝါးခြင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိဘဆွေမျိုး (သို့) ရင်းနှီးသောမိတ်ဆွေတစ်ဦးအ‌ဖော်လိုက်ပါဖို့ လိုမှာဖြစ်ပါတယ်။
3
နေကာမျက်မှန်တစ်လက် ယူဆောင်လာရန်လည်းအကြံပြုပါတယ်။

မျက်ကပ်မှန်အချိန်ကြာမြင့်စွာဝတ်ဆင်ခြင်းက မျက်ကြည်လွှာ၏ကွေးညွှတ်မှုကိုပြောင်းလဲစေနိုင်ပြီး အလင်းယိုင်မှုပြောင်းလဲသွားခြင်းကို ဖြစ်စေပါတယ်။ မျက်ကပ်မှန်ကြိုရပ်ထားခြင်းဖြင့် မျက်လုံးရဲ့ ပုံသဏ္ဍာန်နဲ့ကွေးညွှတ်မှုကို သဘာဝအတိုင်းပြန်ပြောင်းသွားစေပြီး ကုသမှုအတွက်တိကျတဲ့အချက်အလက်တွေကို ရရှိစေမှာဖြစ်ပါတယ်။

Treatment ProcessShow More

ကုသမှုမခံယူမီ မျက်လုံးနားတစ်ဝိုက်ပိုးသတ်ပြီး ထုံဆေးမျက်စဥ်းခတ်ပေးမှာဖြစ်ပါတယ်။ ထို့နောက် ဆရာဝန်ကြီးကနေ ကုသမှုစတင်မှာဖြစ်ပါတယ်။ ပြီးနောက် မျက်လုံးမတော်တဆပွတ်ထိမိခြင်းမှ ကာကွယ်ရန် မျက်လုံးအကာတပ်ပေးလိုက်မှာဖြစ်ပါတယ်။ မျက်လုံးအကာမှာ သေးငယ်တဲ့အပေါက်ငယ်လေးများပါရှိပြီး ပုံမှန်အတိုင်းမြင်နေရမှာဖြစ်ပါတယ်။ အားလုံးပြီးတဲ့အခါ အိမ်ပြန်အနားယူလို့ ရပါတယ်။ နောက်တစ်နေ့မှာ မျက်လုံးအကာပြန်လည်ဖယ်ရှားပေးပြီး ဆရာဝန်ကြီးကနေ ကုသမှုအနာကျက်ခြင်းအနေအထားကို အကဲဖြတ်စစ်ဆေးပေးမှာဖြစ်ပါတယ်။ 

How to prepare for the surgery

မျက်ကပ်မှန်ကို အမျိုးအစားအလိုက် ၃ ရက်ကနေ ၇ ရက်အပြည့် ကြိုရပ်ထားပါ။
မျက်ကပ်မှန်ကို အမျိုးအစားအလိုက် ၃ ရက်ကနေ ၇ ရက်အပြည့် ကြိုရပ်ထားပါ။
မိတ်ကပ်နှင့်အလှကုန်ပစ္စည်းများ (အထူးသဖြင့် မျက်လုံးနားတစ်ဝိုက်) တွင် အသုံးပြုလာခြင်းမပြုလုပ်ရပါ။
မိတ်ကပ်နှင့်အလှကုန်ပစ္စည်းများ (အထူးသဖြင့် မျက်လုံးနားတစ်ဝိုက်) တွင် အသုံးပြုလာခြင်းမပြုလုပ်ရပါ။
ရေမွှေးအသုံးပြုခြင်းက လေဆာစနစ်ကိုထိခိုက်စေနိုင်တာကြောင့် အထူးရှောင်ကြဥ်ဖို့လိုပါတယ်။
ရေမွှေးအသုံးပြုခြင်းက လေဆာစနစ်ကိုထိခိုက်စေနိုင်တာကြောင့် အထူးရှောင်ကြဥ်ဖို့လိုပါတယ်။
ချောင်ချောင်ချိချိသက်တောင့်သက်သာရှိသောအဝတ်များကို ၀တ်ဆင်လာပါ။ လေဆာပစ်အပြီးညနေတွင် မျက်လုံးအကာတပ်ပေးထားမှာဖြစ်လို့ ခေါင်းလျှော်ရေချိုးခြင်းကြိုတင်ပြုလုပ်ခဲ့ပါ။
ချောင်ချောင်ချိချိသက်တောင့်သက်သာရှိသောအဝတ်များကို ၀တ်ဆင်လာပါ။ လေဆာပစ်အပြီးညနေတွင် မျက်လုံးအကာတပ်ပေးထားမှာဖြစ်လို့ ခေါင်းလျှော်ရေချိုးခြင်းကြိုတင်ပြုလုပ်ခဲ့ပါ။
မိဘဆွေမျိုး (သို့) ရင်းနှီးသောမိတ်ဆွေတစ်ဦးအ‌ဖော်ခေါ်လာပါ။
မိဘဆွေမျိုး (သို့) ရင်းနှီးသောမိတ်ဆွေတစ်ဦးအ‌ဖော်ခေါ်လာပါ။
Treatment Process

Phakic IOL (ICL) ကုသမှုအဆင့်များShow More
Phakic IOL (ICL) ကုသမှုအဆင့်များ
1
YAG လေဆာကို အသုံးပြုပြီး သူငယ်အိမ်ကြွက်သား (Iris) ဘေးဘက်တွင် သေးငယ်သောအပေါက်ငယ်ဖန်တီး၍ မှန်ဘီလူးထည့်အပြီး မျက်လုံးအတွင်းဖိအားတက်ခြင်းကို ကာကွယ်ပါတယ်။ ဤကုသမှုခံယူမည့်သူများအနေဖြင့် YAG လေဆာကုထုံးကို ခွဲစိတ်ကုသမည့်ရက်မတိုင်မီ ၂ ပတ်ခန့် ကြိုတင်ပြုလုပ်သင့်ပါတယ်။
2
Phakic IOL (ICL) ကုသမှုအဆင့်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
  • မျက်စိသူငယ်အိမ်ချဲ့ရန်နှင့် ထုံဆေးမျက်စဥ်းခတ်ခြင်း
  • ICL Lens ထည့်ရန် မျက်ကြည်လွှာအစွန်းပိုင်းမှာ 3 မီလီမီတာခန့်ရှိသော အပေါက်ငယ်များ ဖန်တီးမှာဖြစ်ပါတယ်။ ထို့နောက် မျက်လုံးအတွင်းမှာ Lens ကိုထည့်ထားပေးမှာဖြစ်ပြီး သာမာန်မျက်လုံးဖြင့် မမြင်နိုင်ပါ။
  • ခွဲစိတ်ဆရာဝန်ကြီးမှ မျက်လုံးဖိအားလျှော့ချပေးသော ဆေးဝါးများညွှန်ကြားပေးပြီး ကုသမှု၏တိုးတက်မှုအခြေအနေကို ပြန်လည်စစ်ဆေးရန် ရက်ချိန်းများကိုသတ်မှတ်ပေးမှာဖြစ်ပါတယ်။ 

ဆေးရုံတည်နေရာ
Laser Vision International LASIK Center

49/5 Laser Vision Building, Ratchadaphisek 48 Alley, Ratchadaphisek Road, Ladyao Subdistrict, Chatujak District, Bangkok 10900, Thailand