အမြင်အာရုံ ကုသမှုအမျိုးအစားများ
မျက်စိလေဆာကုသမှုအတွေ့အကြုံ (၂၅) နှစ်အထက်ရှိပြီး မျက်ကြည်လွှာဆိုင်ရာကုသမှုနယ်ပယ်မှ ဝါရင့်မျက်စိဆရာဝန်ကြီးများ - Corneal & Refractive Surgery Specialists ရဲ့ ဘေးကင်းထိရောက်တဲ့ကုသမှုနည်းစနစ်များကြောင့် အကောင်းဆုံးရနိုင်မယ့် အမြင်အာရုံရလဒ်အနေအထားတစ်ခုကို ရရှိမှာဖြစ်ပါတယ်။Trans PRK or Transepithelial photorefractive keratectomy သည် အကျိုးကျေးဇူးများစွာရရှိနိုင်မယ့် မျက်စိလေဆာကုထုံးဖြစ်ပါတယ်။ ကုသနေစဥ် မျက်ကြည်လွှာကို Laser နှင့် Reshape လုပ်ပြီး အဝေးမှုန် ၊ အနီးမှုန် နဲ့ ဆလင်ဒါပါဝါများကို ပြုပြင်ကုသခြင်း ဖြစ်ပါတယ်။ ဤနည်းသည် အခြားကုထုံးများကဲ့သို့ Corneal Flap ဖန်တီးရန် မလိုအပ်ပါ။ မျက်ကြည်လွှာပါးသူများ (သို့) ပုံမှန်မဟုတ်တဲ့ မျက်ကြည်လွှာပုံသဏ္ဍာန်ရှိသူများအတွက် ဘေးကင်းသင့်တော်ပါတယ်။ Standard PRK ထက် Recovery မြန်ပြီး တိကျမှုပိုမြင့်တဲ့ Long-Lasting Result ကို ရရှိစေမှာပါ။ ဒါပေမယ့် ကုသမှုအပြီး အထူးဂရုစိုက်ဖို့ လိုအပ်ပြီး အမြင်အာရုံပြန်လည်ကြည်လင်လာဖို့ အချိန်ယူမှာဖြစ်ပါတယ်။
10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230